UNIDO

ကုလသမ္ဂစက်မှုဖွံ့ဖြိုးမှု့အဖွဲ့သည် ကုလသမ္ဂအောက်မှ အထူးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၄င်း၏တာဝန်မှာ ဖွံ့ဖြိုးတိုးတက်မှု့နောက်ကျနေသောနိုင်ငံများ၏ စီပွားရေးကူးပြောင်းချိန်တွင်ရေရှည်တည်တံ့သည့် စက်မှု့ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန် နှင့် ပိုမိုမြန်ဆန်လာစေရန်၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် လူနေမှု့အခြေအနေ ပိုမိုကောင်းမွန်လာစေရန် ကမ္ဘာ့အရင်းအမြှစ်များ နှင့် ကျွမ်းကျင်မှု့များကိုပေါင်းစပ်အသုံးပြု၍ ဆောင်ရွက်ရန်တို့ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကုလသမ္ဂစက်မှုဖွံ့ဖြိုးမှု့အဖွဲ့သည် ကမ္ဘာ့လုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၏ ဆင်းရဲမှု့လျှော့ချရေး၊ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှု့တွင်ပါဝင်ရေး နှင့် သဘာဝပတ်ဝန်းကျင်ရေရည်တည်တံ့ရေး တို့တွင်အာရုံစိုက်ဆောင်ရွက်ခြင်းအားဖြင့် ၄င်း၏အခန်းကက္ဍမြှင့်တင်ခဲ့သည်။ ကုလသမ္ဂစက်မှုဖွံ့ဖြိုးမှု့အဖွဲ့သည် လုပ်ငန်းများကိုအဓိက Function ၂ ခုဖြင့်ဆောင်ရွက်သည်။ ကမ္ဘာလုံးဆိုင်ရာဖိုရမ်အနေဖြင့် စက်မှု့လုပ်ငန်းဆိုင်ရာဗဟုသုတများ ထုတ်လုပ်ဖြန့်ဖြူးသည်။ နည်းပညာပေါင်းစပ်ပေးသည့် အဖွဲ့အစည်းအနေဖြင့် နည်းပညာပံ့ပိုးခြင်း၊ Projects များအကောင်အထည်ဖော်ဆောင်ခြင်း များလုပ်သည်။ ကုလသမ္ဂစက်မှုဖွံ့ဖြိုးမှု့အဖွဲ့သည် အောက်ပါ အဓိကနယ်ပယ် ၃ ခုတွင် ရေရှည်အကျိုးပြုရေးမျှော်မှန်း အာရုံစိုက်လုပ်ဆောင်သည်

  • ထုတ်လုပ်မှု့မြှင့်တင်ခြင်းဖြင့် ဆင်းရဲမှု့လျှော့ချရေး
  • လူသားအရင်းအမြှစ်မြှင့်တင်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း
  • စွမ်းအင် နှင့် သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များတွင်ပါဝင်ဆောင်ရွက်ခြင်း

IEE Project Management Unit (PMU)

Project management Unit (PMU) ကို ကုလသမ္ဂစက်မှုဖွံ့ဖြိုးမှု့အဖွဲ့မှဖွဲ့စည်း၍ မြန်မာနိုင်ငံဘက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပံ့ပိုးပေးပြီး၊ Project အကောင်အထည်ရန် နှင့် နေ့စဉ် လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည်။ PMU အဖွဲ့တွင် National Project Manager (NPM), Project Technical Expert, Project Administrative Assistant, Project Technical Assistant နှင့် Communication Assistant တို့ပါဝင်သည်။

Team Member

ဦးသန်းဦး

National Project Manager

T.Oo@unido.org

ဦးစိုးမင်းနိုင်

Project Technical Expert

S.Naing@unido.org

မရွှေရည်ဝင်းမြင့်

Project Administrative Assistant

S.Winmyint@unido.org

ဂျွန်ခိုင်ဝင့်ထွန်း

Communication Assistant

J.Tun@unido.org

Project Partners