
Anawa Devi Daiichi Joint Venture Company သည် ရန်ကုန်မြို့၊ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက် တွင်တည်ရှိသည်။ စက်ရုံသည် ပြည်တွင်းပြည်ပမှ ကုန်ကြမ်းများကိုအသုံးပြု၍ ငါးအသားလွာပြုပြင်ထုတ်ပိုးသည့်လုပ်ငန်းလုပ်ကိုင်သည်။
Energy Efficiency Measure : Energy Management System
Energy Projects
စွမ်းအင်လျော့ချနိုင်မည့်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် စက်လည်ပတ်မှု့ကို၃ရက်ခန့် အနီးကပ် စောင့်ကြည့်၍ တိုင်းတာရရှိလာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခဲ့သည်။ ကုန်ကျစာရိတ်လုံးဝ (သို့မဟုတ်) အနည်းငယ်မျှသာရှိသော အောက်ဖော်ပြပါ စွမ်းအင်လျော့ချနိုင်မည့်အခွင့်အလမ်းများကို ဖော်ထုတ်ပြီး လိုက်ပါအကောင်အထည်ဖော်ဆောင်ရန် စက်ရုံစီမံခန့်ခွဲသူများကိုတင်ပြခဲ့ပါသည်။
- အအေးခန်း နှင့် အေးခဲအခန်းတွင်းရှိ မီးများအတွက် Control ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ရန်
- အဝင်ခန်းကို ပြန်လည်ပြုပြင်အသုံးပြုရန်
- အအေးကွိုင်ရေဖျော်သည့် Energy Efficiency Project ကို ဆောင်ရွက်ရန်
- ပိုက်လိုင်းများအား Insulation ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်
- အပူကွိုင် (Evaporative Condenser) အားပြုပြင်ရန်
- ရေအရေအသွေးပိုမိုကောင်းမွန်ရန်အတွက် Water Treatment Plant တပ်ဆင်ရန်
Action Taken
• Insulation တပ်ဆင်ခြင်းမှ သည် အအေးခန်း အတွင်းရှိ အအေးကွိုင်တွင် ရေခဲဖျော်ခြင်းအထိ လွယ်ကူရိုးရှင်းသော လုပ်ငန်းများ
• Water Treatment Plant တပ်ဆင်ခြင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလိုအပ်သော လုပ်ငန်းများ
Benefit
- တစ်နှစ်လျှင် စွမ်းအင်သုံးစွဲမှုပမာဏ ၇ % ခန့် လျှော့ချနိုင်ခဲ့သည်
Photos




