Akari Paper Mill (Paleik)သည် မန္တလေးမြို့တောင်ဘက် ၂၀ ကီလိုမီတာအကွာ စဥ့်ကိုင်မြို့အနီးတွင်တည်ရှိပြီး၊ Energy System Assessment ကို မေလ (၃)ရက်၊ ၂၁၀၇ခုနှစ်၌ပြုလုပ်ခဲ့သည်။
Energy Efficiency Measure : Steam System Optimization
Energy Projects
Akari Paper Mill (Paleik)သည် မန္တလေးမြို့တောင်ဘက် ၂၀ ကီလိုမီတာအကွာ စဥ့်ကိုင်မြို့အနီးတွင်တည်ရှိပြီး၊ Energy System Assessment ကို မေလ (၃)ရက်၊ ၂၁၀၇ခုနှစ်၌ပြုလုပ်ခဲ့သည်။ Energy Saving Assessment ပြုလုပ်ချိန်က Condensate Return တွင် Pumping ၂-ဆင့် ပါဝင်ပြီး အဆင့်တစ်ခုခု ချို့ယွင်းခဲ့သော် Condensate Drain အား ပြန်လည်မရရှိနိုင်ပါ။ ထို့ကြောင့် UNIDO Assessment Team မှ ပထမနှင့် ဒုတိယအဆင့် Pumping များအကြားတွင် By-Pass Pumping Section အား တပ်ဆင်ခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း ပြုလုပ်ရန် အကြံပြုခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် Condensate အားလုံး ပြန်လည်အသုံးပြုနိုင်ရုံသာမက 2nd Stage Pumping ကိုလည်း ဖယ်ထုတ်ထားနိုင်ပြီး အပိုလျှပ်စစ်စွမ်းအင်သုံးစွဲမှုနှင့်ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ပါသည်။ တစ်နှစ်တာအတွက် ချွေတာရရှိနိုင်သောစရိတ်များ၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- Condensate Water အား ဘွိုင်လာသို့ ပြန်လည်ထည့်သွင်း အသုံးပြုခြင်းဖြင့် လောင်စာချွေတာနိုင်မှု ကျပ် ၉.၄၅ သန်း
- Condensate Water အား ပြန်လည်အသုံးပြုခြင်းကြောင့် Water Treatment အတွက် ချွေတာနိုင်မှု ကျပ် ၇.၇၆ သန်း
- မူလ Double-Stage Pumping ကြောင့်လျှပ်စစ်ဓာတ်အားပိုမိုကုန်ကျနေမှုကို လျှော့ချနိုင်ခြင်း ကျပ် ၁.၁၇ သန်း
Action Taken
Benefit
Photos






