Yum Yum Noodle (SSO)

ရသာချိုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလိမိတက်၏ ယမ်ယမ် ခေါက်ဆွဲစက်ရုံသည် ရသာစုံ အသင့်စား ခေါက်ဆွဲခြောက် ထုပ်များနှင့် ခေါက်ဆွဲဘူးများကို ထုတ်လုပ်ဖြန့်ဖြူးပါသည်။ စက်ရုံသည် ရန်ကုန်စက်မှုဇုံ၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ယမ်ယမ်စက်ရုံမှ အင်ဂျင်နီယာချုပ် သည် UNIDO မှဦးစီးသော Industrial Energy Efficiency Project၏ ရေနွေးငွေ့စနစ် အကောင်းဆုံအသုံးချခြင်း သင်တန်းကို တက်ရောက် ခဲ့ပါသည်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်၏ ရေနွေးငွေ့အကောင်းဆုံး အသုံးချခြင်း စနစ် အတွက် စက်ရုံ၏ရေနွေးငွေ့စနစ်လေ့လာမှုကို လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

Energy Efficiency Measure : Steam System Optimization

Energy Projects

စွမ်းအင် ခြွေတာနိုင်သည့် အခွင့်အလမ်း များကို အကြံပေးခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါသည်။ • ဒီဇယ်ဘွိုင်လာကို Header ရေနွေးငွေ့ဖြင့်ဖိအားပေးရန် • စပါးခွံသုံးဘွိုင်လာတွင်လောင်ကျွမ်းမှုအားပိုမိုကောင်းမွန်စေရန်နှင့်လေအပိုကိုလျှော့ချရန် • ဆီကြော်ဖိုမှထွက်သောငွေ့ရည်များမှရေနွေးငွေ့များကိုပြန်လည်ရယူရန် နှင့် HPsteamအသုံးပြုမှုလျှော့ချရန် ၎င်းတို့ကို ရေနွေးငွေ့ထုတ်သည့် နေရာသို့ပေးပို့ရန် • စပါးခွံသုံးဘွိုင်လာတွင်economizer တစ်ခုတပ်ဆင်ရန် • ဘွိုင်လာသို့သန့်စင်သည့်ရေကိုပေးပိုနိုင်ရန် RO filter များကိုတပ်ဆင်ရန် • ငွေ့ရည်ဖွဲ့ရေနွေးသိုလှောင်ကန်ကိုအပူကာရန်

Action Taken

စက်ရုံလေ့လာစမ်းစစ်မှုအပြီးတွင် စက်ရုံမှ အင်ဂျင်နီယာအဖွဲ့သည် အရန်သင့်ထားသော ဒီဇယ်သုံး ဘွိုင်လာကို Header မှရေနွေးငွေ့နှင့် ဖိအားပေးရန်၊ စပါးခွံသုံး ဘွိုင်လာတွင် လောင်ကျွမ်းမှုအား ပိုမို ကောင်းမွန်စေရန်နှင့် လေအပိုကို လျော့ချရန် ဆိုသည့် အကြံပြုချက်များကို ဆောင်ရွက်ခဲ့ပါသည်။ ယမ်ယမ်ခေါက်ဆွဲစက်ရုံမှ အချက်အလက်များအရ ပိုက်အဆက် တပ်ဆင်ပြီးနောက် အရန်သင့် ထားရှိသော ဒီဇယ်ဘွိုင်လာတွင် ဒီဇယ်အသုံးပြုမှု ရပ်တန့်သွားကြောင်း တွေ့ခဲ့ရပါသည်။ ထိုဆောင်ရွက်ချက်များသည် စက်ရုံဒီဇယ်အသုံး တစ်နှစ်လျှင် ၆၃,၉၄၈ ဂါလန် လျော့ကျသွားစေခဲ့ပါသည်။ ယမ်ယမ်စက်ရုံသည် IEE စီမံကိန်းအဖွဲ့ နှင့်လက်တွဲ၍ ယခု case study တွင် ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ပြီး စွမ်းအင် ခြွေတာနိုင်သော ရလဒ်များကို ရှိခဲ့ပါသည်။

Benefit

  • နှစ်စဉ်စွမ်းအင်ကုန်ကျစရိတ်သက်သာငွေ ၂၅၇ သန်း

Photos

Project Partners