
ငွေဆည်တော်(၉၉၉)ကုမ္ပဏီသည် အရှေ့ဒဂုံစက်မှုဇုန်တွင်တည်ရှိပြီး မုန့်မျိုးစုံကိုထုတ်လုပ်၍ မြန်မာနိုင်ငံ အနှံ့အပြားသို့ ဖြန့်ဖြူး ပေးနေပါသည်။ ကုမ္ပဏီသည် ဈေးကွက်ပမာဏ ရာခိုင်နှုန်း၄၀ ကိုရယူထားပါသည်။ ကုမ္ပဏီသည် Improvement of Industrial Energy Efficiency Projectမှ ကျင်းပပြုလုပ်ပေးသော စွမ်းရည်မြှင့်တင်ရေး သင်တန်းများ တွင်တက်ရောက်ခြင်း၊ သရုပ်ပြစက်မှုလုပ်ငန်းများ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ၂၀၁၇ခုနှစ်မှစတင်၍ စီမံကိန်းနှင့် လက်တွဲဆောင်ရွက် လာခဲ့ပါသည်။ ကုမ္ပဏီ၏စီမံခန့်ခွဲသူများသည် ကုန်ထုတ်လုပ်ငန်းတွင် အကောင်းဆုံး စနစ်များနှင့် စွမ်းအင်စီမံခန့်ခွဲမှု နည်းစနစ်များကို ကျင့်သုံးခြင်းသည် ကုမ္ပဏီကို ရေရှည်တည်တံ့ခိုင်မြဲသော ရလာဒ်များဖြင့် အကျိုးပြုမည်ဟု နားလည် လက်ခံသည်။ ၂၀၁၆ စွမ်းအင် အချက်အလက်များအပေါ် အခြေတည်၍ ၂၀၁၉တွင် စက်ရုံတစ်ခုလုံး စွမ်းအင်အသုံးပြုမှု၏ ၂၀%ကို လျော့ချမည့် ရည်မှန်းချက်ကို ချမှတ်ထားပါသည်။
Energy Efficiency Measure : Energy Management System
Energy Projects
ကုမ္ပဏီသည် စွမ်းအင်ပေါ်လစီကိုချမှတ်ခဲ့ပြီး ထိုအကြောင်းကိုဝန်ထမ်းများကြား သိရှိပြန့်နှံ့စေပါသည်။ ချမှတ်ထားသော ကာလတို၊ ကာလရှည် ရည်မှန်းချက်များ နှင့်အတူ စွမ်းအင်စီမံခန့်ခွဲသည့်အဖွဲ့ကို တည်ထောင်ပြီး ဖြစ်သည်။ စွမ်းအင်ပမာဏ အများဆုံးအသုံးပြုသည့် နေရာများကို ခွဲခြားသတ်မှတ်ပြီး စွမ်းအင်လျော့ချနိုင်သည့် အခွင့်အလမ်းများကို ရှာဖွေခြင်း၊ စမ်းစစ်ခြင်း၊ ဦးစားပေး ဆောင်ရွက်ချက်များ ချမှတ်ခြင်းတို့ကိုပြုလုပ်ပြီး ထိုအခွင့်အလမ်း များကို အကောင်အထည် ဖော်သည်။ ၂၀၁၆ခုနှစ် စွမ်းအင်အချက်အလက်များအရ အပူစွမ်းအင် အသုံးပြုမှု မြင့်မားနေကြောင်း တွေ့ရှိရပါသည်။ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ခြင်း မရှိသည့် အခြေခံစွမ်းအင်အသုံးပြုမှု မှာ မြင့်မားနေပါသည်။ ကုမ္ပဏီသည် စွမ်းအင်ချွေတာမှုသင်တန်းများကို တက်ရောက်ခြင်း၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကို စက်ရုံတွင် လက်တွေ့ ဆန်းစစ်စေခြင်း၊ စွမ်းအင်ချွေတာသော နည်းစနစ်များကို ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
Action Taken
Benefit
- သုံးနှစ်အတွင်း စွမ်းအင်စွမ်းဆောင်ရည် ၂၀.၆၇ % တိုးတက်မှု
Photos








