Fan System အထိရောက်ဆုံးအသုံးပြုခြင်း (FSO)


Are you interested in implementing
Fan System အထိရောက်ဆုံးအသုံးပြုခြင်း (FSO)
at your factory?


System Description

ပုံမှန်အားဖြင့် စက်ရုံတစ်ရုံ၏ လျှပ်စစ်ဝန် ပမာဏ၏ ၇၀% ခန့်ကို မော်တာစနစ်များက ထုတ်လုပ်ပေးလျက်ရှိသည်။ အဆိုပါ မော်တာဝန်၏ ၆၀% ခန့်သည် ပန်ကာများ၊ ရေစုတ်စက်များနှင့် လေမှုတ်စက်များ လည်ပတ်ခြင်းမှ ထွက်လာသည်။ အရင်ခေတ်ကာလ နည်းပညာများ လုပ်ဆောင်ပုံအခြေအနေများ ပြောင်းလဲလာခြင်း ထုတ်လုပ်ရေးလိုအပ်ချက်များ ပြောင်းလဲလာခြင်းသည် တပ်ဆင်ထားသောမော်တာစနစ်၏ စွမ်းအင်အသုံးပြုပုံကို ရေရှည်လျှော့ချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသည်။ စနစ်တစ်ခုလုံး၏ system efficiency သည် မကြာခဏ ၅၀% အောက် ကျနေတတ်သည်။ တစ်ခါတစ်ရံ efficiency ၁၅ % ၂၀ % ထိ ကျနေသော စနစ်ကို တပ်ဆင်ပြီး ဖြုန်းတီးခြင်းနှင့် အကုန်အကျအတော်များနေသည်ကို မည်သူမျှ နားလည်သိရှိခြင်းမရှိဘဲ နှစ်အတော်ကြာ လည်ပတ်နေခဲ့ခြင်းမျိုးလဲ တွေ့ရတတ်သည်။ အကျိုးရှိအထိရောက်ဆုံး အသုံးပြုခြင်းသည် စနစ်စွမ်းဆောင်ရည် တိုးတက်စေသည်သာမက bottom line အား တိုးမြှင့်စေသည်။ Fan စနစ် အထိရောက်ဆုံး အသုံးပြုခြင်းသည် လူတိုင်းအတွက် ကုန်ကျစရိတ်များ နည်းပါးပြီး နှုန်းထားများ လျော့ကျစေမည့် လက်ရှိအရင်းအမြစ်များ (လျှပ်စစ်ထုတ်လုပ်ရေးရုံများနှင့် ဓါတ်အားလိုင်းများ) ၏ ပိုမိုကောင်းမွန်သောအသုံးချခြင်းအား ဉီးတည်လျက်ရှိသည်။ စွမ်းအင်အား ဖန်တီး၍မရနိုင်သလို ဖျက်ဆီး၍လည်း မရနိုင်ပါ။ အကျိုးရှိထိရောက်မှု မရှိသော စနစ်အတွင်း၌ ဖြုန်းတီးလိုက်သော စွမ်းအင်သည် အဝေးသို့ထွက်မသွားပါ။ ၄င်းသည် မလိုအပ်သော အပူ၊ တုန်ခါမှု၊ ဆူညံသံနှင့် စနစ်အားထိခိုက်စေမည့် ပျက်စီးမှုများ အပါအဝင် အများအားဖြင့် ဖျက်ဆီးတတ်သော စွမ်းအင်အဖြစ် တည်ရှိနေတတ်သည်။