စွမ်းအင်စီမံခန့်ခွဲမှုစနစ် အွန်လိုင်းသင်တန်း
စွမ်းအင်စီမံခန့်ခွဲမှုစနစ် အွန်လိုင်းသင်တန်းအား ဂျူလိုင်လ ၁ ရက်၊ ၂ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် GoToMeeting ဆော့ဖ်ဝဲလ်အသုံးပြု၍ မက်စ်ဘိလပ်မြေစက်ရုံအတွက် ကျင်းပပြုလုပ်ခဲ့သည်။ ၄ ရက်တာသင်တန်းဖြစ်ပြီး တစ်ရက် ၃ နာရီခွဲစီ ကြာမြင့်ခဲ့သည်။ UNIDO ၏ နည်းပညာအကြံပေးပုဂ္ဂိုလ်မှ စွမ်းအင်စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး EnMS ဖော်ဆောင်ရမည့် အဆင့်များအား သင်ကြားပို့ချခဲ့သည်။ အရင်အချိန်များက UNIDO သည် စက်ရုံများအတွက် သင်တန်းများကို စက်ရုံသို့ ကိုယ်တိုင်သွားရောက်ပို့ချခဲ့ပြီး ယခုအခါ Covid-19 ကပ်ရောဂါကြောင့် ပုံစံအသစ်ဖြင့် အွန်လိုင်းမှ သင်တန်းပေးရန် ကြိုးပမ်းခဲ့သည်။ စက်ရုံမှ မန်နေဂျာများ၊ အင်ဂျင်နီယာများနှင့် အော်ပရေတာများ တက်ရောက်သင်ကြားခဲ့သည်။