Frequently Asked Questions


စွမ်းအင်စီမံခန့်ခွဲမှု ဆိုသည်မှာ အဖွဲ့အစည်း၏ စွမ်းအင်သုံးစွဲမှု စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် တိုးတက်နေ စေရေးနှင့် ရရှိပြီးဖြစ်သည့် အောင်မြင်မှုများကို ဆက်လက် ထိန်းသိမ်းထားရေး ရည်ရွယ်၍ စနစ်တကျ အာရုံစိုက်ထားခြင်းပင် ဖြစ်သည်။ မိမိတို့ အဖွဲ့အစည်းတွင် မူဝါဒ ချမှတ်ခြင်း စက်ဝန်း (ရည်ရွယ်ချက်ကို အကဲဖြတ်ခြင်း အပါအဝင်)၊ အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ရလာဒ်ကိုစစ်ဆေးခြင်း၊ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခြင်း နှင့် မူဝါဒနှင့် ရည်မှန်းချက်များကို လိုအပ်သလို ပြုပြင် မွမ်းမံခြင်းစသည့် လုပ်ငန်းစက်ဝန်းကို စဉ်ဆက်မပြတ် ဖြတ်သန်းရေး သေချာအောင် ဆောင်ရွက်ရသည်။

စွမ်းအင်စီမံခန့်ခွဲမှုစနစ်(EnMS) နှင့် စံသတ်မှတ်ချက်(Standard) များသည် စက်မှု့လုပ်ငန်း အဖွဲ့အစည်း၏ အလေ့အထ နှင့် နေ့စဉ် စီမံခန့်ခွဲမှု့များတွင် ထည့်သွင်းပေါင်းစပ်ထားသည့် စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေးအတွက် မှတ်ကျောက်တင်ပြီး ဖြစ်သော Tools များ၊ ကောင်းမွန်သော လုပ်ဆောင်နည်းများ ကိုဖြစ်ပေါ်စေသည်။ စွမ်းအင်စီမံခန့်ခွဲမှုစနစ် (EnMS) စံသတ်မှတ်ချက်သည် အဖွဲ့အစည်း၊ တစ်ဦးခြင်း၏ အမူအကျင့်ပြောင်းလဲ၍ စက်မှု့လုပ်ငန်းတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုမှု့ မြှင့်တင်ခြင်းအတွက် လိုအပ်သော ရေရှည်တည်တံ့၍ စဉ်ဆက်မပြတ် တိုးတက်သည့် လုပ်ငန်းဆောင်ရွက်မှု့ မူဘောင် (Framwork) ကို တွန်းအားပေးဖြစ်ပေါ်စေသည်။ အမူအကျင့် ပြောင်းလဲခြင်းသည် လက်ရှိတွင် အဓိ ကဆောင်ရွက်မှု့ပုံစံများ ဖြစ်သည့် နည်းပညာမြှင့်တင်ခြင်း၊ စက်ပစ္စည်းကိရိယာသစ်များအသုံးပြုခြင်း နှင့် သီးခြား စီမံကိန်း ဆောက်ရွက်မှု့ပုံစံများ ထက်သာလွန် သည်။

စက်မှု့လုပ်ငန်း စွမ်းအင်သုံးစွဲမှု့သည် စီပွားရေးလုပ်ငန်း၊ အိမ်တွင်းအသုံးပြုမှုပုံစံများထက် စက်လည်ပတ်မှုပုံစံ၊ ထုတ်လုပ်မှုဖြစ်စဉ်အနေအထား တို့ပေါ် နှင့် ပိုမိုဆက်စပ်သည်။ စက်ရုံသက်တမ်းအတွင်း စက်မှု့လုပ်ငန်းများသည် ထုတ်လုပ်မှု့ပမာဏ သို့မဟုတ် ထုတ်လုပ်ချိန် နှင့် ထုတ်ကုန်အမျိုးအစား တို့ကို လိုအပ်ချက်အရ ကြိမ်ဖန်များစွာပြောင်းလဲ လေ့ရှိသည်။ မူလထုတ်လုပ်မှု့ပုံစံအတွက် ဒီဇိုင်းပြုလုပ်ထားသော စွမ်းအင်အသုံးပြုမှု့စနစ်များ (Energy-using system, such as : Steam system, Compressed Air System etc) သည် အစပိုင်းတွင် စွမ်းအင်အသုံးပြုမှု့သက်သာသော်လည်း အထက်တွင်ဖော်ပြသကဲ့သို့ ထုတ်လုပ်မှု့ပုံစံ ပြောင်းလဲလိုက်သောအခါ စွမ်းအင်သုံးစွဲမှု့မြှင့်မားလာပါသည်။
Energy-using system တွင်ပါရှိသော စွမ်းအင်အသုံးပြုမှု့သက်သာသည့်စက်ပစ္စည်းများတစ်ခုခြင်း အလိုက်အရေးကြီးသော်လည်း ၄င်းအစိတ်အပိုင်းများအား သေချာစွာ ဒီဇိုင်းပြုလုပ်၍ စနစ်တကျမောင်းနှင်ခြင်း မပြုပါက စွမ်းအင်အသုံးပြုမှု့သက်သာနေမည်ဟု အာမမခံနိုင်ပေ။ စက်ပစ္စည်း တစ်ခုခြင်းအလိုက် စွမ်းအင်သက်သာအောင်ပြုလုပ်ပါက စနစ်တစ်ခုလုံးသုံးသည့် စွမ်းအင်၏ ၂ မှ ၅ ရာခိုင်နုန်းခန့်သာ အကျိုးအမြတ်ရရှိနိုင်သော်လည်း စွမ်းအင်စံနစ်တစ်ခုလုံးအတိုင်းအတာနှင့် ဆောင်ရွက်ပါက၂၀ မှ ၃၀ ရာခိုင်နုန်းခန့်အထိ အကျိုးအမြတ်ရရှိနိုင်ပါသည်။

စွမ်းအင်စီမံခန့်ခွဲမှုစနစ်၏ အရေးကြီး ဆုံးအချက် (၆) ခု မှာ

  • ထိပ်ပိုင်းစီမံခန့်ခွဲမှု။ စက်ရုံပိုင်ရှင်မှစ၍ စွမ်းအင်ကုန်ကျစရိတ် လျှော့ချခြင်းအပေါ် ခိုင်မာသောစိတ်ပိုင်း ဖြတ်ထားခြင်း (Commitment)
  • စွမ်းအင်အသုံးများသောစက်ပစ္စည်း၊ ထုတ်လုပ်မှု များကို ဖော်ထုတ်ဂရုစိုက်ခြင်း (Significant Energy Users – SEU)
  • ထုတ်လုင်မှု၊ ဝန်ဆောင်မှု ပမာဏကို ထည့်သွင်းစဉ်းစားထားသည့် စွမ်းအင်စွမ်းဆောင်ရည်အညွှန်းကိန်း ဖော် ထုတ်၍ စောင့်ကြည့်ထိန်းချုပ်ခြင်း (Energy Performance Indicators- EnPIs)
  • စွမ်းအင်ကုန်ကျစရိတ် လျှော့ချနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်၍ အကောင်အထည်ဖော်ခြင်း (Opportunities List)
  • စက်လည်ပတ်မှု၊ ထုတ်လုပ်မှုဖြစ်စဉ်များအတွက် စွမ်းအင်စရိတ်သက်သာစေနိုင်သည့် Operational Parameter များ (ဥပမာ - temperature, pressure, flow စသည်) အားဂရုတစိုက် ထိန်းသိမ်းခြင်း
  • သတ်မှတ်ကာလ ဥပမာ ၃လ၊၆လ၊၁ နှစ် ကြာသောအခါ မိမိတို့ဆောင်ရွက်ချက်များ၏ တိုးတက်မှုရလာဒ်ကို ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သည်များကို ပြန်လည်ပြင်ဆင်ခြင်း ( Review ) တို့ဖြစ်ပါသည်။

စွမ်းအင် Baseline ဆိုသည်မှာစွမ်းအင်စွမ်းဆောင်ရည် တိုးတက်မှုကိုတိုင်းတာရန်အတွက် အသုံးပြုရသော ရည်ညွှန်းအမှတ်ဖြစ်ပါသည်။ အရိုးရှင်းဆုံး Baseline ဆိုသည်မှာ EnMS စတင်အကောင်အထည်မဖော်မှီနှစ်တွင် အသုံးပြုထားသော လျှပ်စစ်စွမ်းအင် နှင့် လောင်စာဆီ စုစုပေါင်းကိုလည်း အသုံးပြုနိုင်ပါသည်။ စွမ်းအင် Baseline သည် အနာဂတ်စွမ်းအင် စွမ်းဆောင်ရည် ကို တိုင်းတာနိုင်ရန်အတွက် ကနဦး တိုင်းတာချက် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် Energy Baseline သည် ယခင်နှစ်၏ စမ်းအင်စွမ်းဆောင်ချက် ဖြစ်ပြီး ယခု လက်ရှိနှစ်၏ စွမ်းဆောင်ရည် တို့ဖြင့် ပုံမှန်နိုင်းယှဉ်နိုင်သည်။

စွမ်းအင်စီမံခန့်ခွဲမှု့စနစ်၏ အလုံးစုံရည်မှန်းချက်မှာ စွမ်းအင်စွမ်းဆောင်ရည်အညွန်းကိန်း တိုးတက်ကောင်းမွန် ရန်နှင့် ၄င်းကိုစဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ရေး ဖြစ်သည်။ အရိုးရှင်းဆုံး စွမ်းအင်စွမ်းဆောင်ရည်အညွန်းကိန်း သည် စက်ရုံ/အဖွဲ့အစည်းတစ်ခု၏ နှစ်စဉ် စွမ်းအင်အသုံးကို Annualised ပုံစံဖြင့်ဖော်ပြခြင်းဖြစ်သည်။ ရရှိနိုင်သည့် တိုင်းတာရေး ကိရိယာများ၊မီတာများအရ သိသာထင်ရှားသော စွမ်းအင်အသုံးများ ( ဥပမာ- စုစုပေါင်းလျှပ်စစ်အသုံး၊ ဘွိုင်လာ လောင်စာ၊ ကွန်ပရက်ဆာ အတွက် လျှပ်စစ်အသုံး၊ အအေးခန်းအတွက်လျှပ်စစ်အသုံး စသည် ) ကို နေ့စဉ် Annualised Trend ပုံစံ ဖြင့်ဖော်ပြနိုင်သည်။ အခြားဥပမာတစ်ခုမှာ ထုတ်လုပ်မှု့ပမာဏအား ကုန်ကျသည့် စွမ်းအင်ပမာဏ နှင့် အချိုးချထားသည် ကိန်းဂဏန်း (ဥပမာ- kW/ton ) ကိုလည်း အသုံးပြုနိုင်သော်လည်း ၄င်းသည် ကုန်ကျသည့်စွမ်းအင် အနည်းအများကို ဖြစ်ပေါ်စေသော Drivers ကိုထည့်သွင်းတွက်ချက်မထားသောကြောင့် မှားယွင်းစွာအဓိပ္ပါယ် ကောက်ယူနိုင်သည်။ စွမ်းအင်စွမ်းဆောင်ရည်အညွန်းကိန်းအတွက် အကောင်းဆုံးဖော်ပြချက်မှာ ကုန်ကျသည့်စွမ်းအင် နှင့် Drivers များကို ထည့်သွင်းစဉ်းစား ထားသော regression analysis ကိုအသုံးပြု ဖော်ပြခြင်းဖြစ်သည်။ Regression analysis သည် ကုန်ကျသည့်စွမ်းအင် နှင့် သင့်လျှော်သော Drivers များ၏ဆက်စပ်ချက်ကို ဖော်ပြပေးသည်။

အဖွဲ့အစည်း၏ စွမ်းအင်သုံးစွဲမှု အများဆုံးအပိုင်းကို သိရှိနိုင်ရန်ဖြစ်သည်။ စွမ်းအင်သုံးစွဲမှု အများဆုံးအပိုင်း (ဥပမာ - ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ထုန်လုပ်မှုနည်းစနစ်၊ စက်ပစ္စည်း စသည်ဖြင့်) များကို သိရှိပြီးပါက ၄င်းတို့အပေါ် ပိုမိုအာရုံစူးစိုက် စီမံခန့်ခွဲရန်ဖြစ်သည်။

သိသာထင်ရှားသည့်စွမ်းအင်သုံးစွဲမှုများ (SEUs) ကို ဖော်ထုတ်နိုင်ရန် ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခု ခြင်း (သို့) စနစ်တစ်ခုခြင်း၏ စွမ်းအင်သုံးစွဲမှုများကို သိရှိထားရန်လိုအပ်သည်။ စံနမူနာအခြေအနေတွင် စွမ်းအင်အသုံးများသည့်နေရာ၊ စနစ်၊ စက်ပစ္စည်းများတွင် စွမ်းအင်မီတာခွဲများတပ်ဆင်ထားမှုကို တွေ့မြင်ရပြီး ၄င်းတို့၏ သုံးစွဲစွမ်းအင် ပမာဏကို မီတာဖြင့်တိုင်းတာနိုင်သည်။ လက်တွေ့တွင် မီတာခွဲအနည်းငယ် တပ်တင်ထားခြင်း (သို့) လုံးဝမတပ်ဆင်ထားခြင်းမျိုးကိုသာ တွေ့ရသည်။ ထိုသို့သောအခြေအနေအတွက် ၄င်တို့၏စွမ်းအင်သုံးစွဲမှု ကိုခန့််မှန်းရန် နည်းလမ်းတစ်ခုလိုအပ်သည်။ စွမ်းအင်အမျိုးအစားတစ်ခုခြင်း (ဥပမာ - လျှပ်စစ်စွမ်းအင်၊ လောင်စာဆီ အမျိုးအစားတစ်ခုခြင်း) စီအတွက် စွမ်းအင်သုံးစွဲမှု ခန့််မှန်းနည်းလမ်းကို အသုံးပြုရမည်။ အချို့အခြေအနေများတွင် စက်ပစ္စည်းအမျိုးအစားအလိုက်စဉ်းစားခြင်းအစား ထုတ်လုပ်မှု လုပ်ငန်းစဉ် (သို့) စနစ် အလိုက် စဉ်းစားခြင်းက ပိုမို သင့်လျော်သည်။

ပိုမိုကောင်မွန်သည့် စွမ်းအင်စွမ်းဆောင်ရည် အညွှန်းကိန်း ရရှိရန် စွမ်းအင်မည်ကဲ့သို့ သုံးစွဲနေသည်၊ အဘယ်ကြောင့် ဤစွမ်းအင်ပမာဏ သုံးစွဲနေသည် နှင့် စွမ်းအင်လျှော့ချရေးအတွက် မည်သည့်အခွင့်အလမ်းများ ရှိသည် ကိုသိရှိထားရန်လိုသည်။ စွမ်းအင် သုံးစွဲမှု့ ဆန်းစစ်ခြင်းသည် စွမ်းအင်အမျိုးအစား တစ်ခုခြင်းစီ အတွက်သုံးစွဲပမာဏ၊ သုံးစွဲပမာဏ အတက်အကျ အလားအလာ၊ စွမ်းအင်စွမ်းဆောင်ရည်အညွန်းကိန်း နှင့် ၄င်းအညွန်းကိန်း ပိုမိုကောင်းမွန်လာစေရေး အခွင့်အလမ်းများကို ဖော်ထုတ်ပေးသည်။

စွမ်းအင်လျှော့ချရေး ရည်မှန်းချက်ချမှတ်ရာတွင် စွမ်းအင်သုံးစွဲမှု့ ဆန်းစစ်ခြင်းမှ ရရှိလာသည့် စွမ်းအင်မည့်ကဲ့သို့အသုံးပြုနေသည် ၊ စွမ်းအင်အသုံး အတက်အကျဖြစ်စေသော Drivers များ၊ ရရှိနိုင်သည့် အခွင့်အလမ်းများကို လုပ်ငန်းဆောင်ရွက်မှု့အစီအစဥ်ရေးဆွဲရေး အစောပိုင်းအဆင့်များတွင် ထည့်သွင်းစဥ်းစား ရမည်။ စွမ်းအင်လျှော့ချရေး ရည်မှန်းချက်သည် ရေရှည်ရည်မှန်းထားပြီး ပန်းတိုင်ကဲ့သို့ အလွန်တိကျရန် မလိုပါ။ ဥပမာ- နောင်၃နှစ်အတွင်း Steam System အတွက် စွမ်းအင်စွမ်းဆောင်ရည်အညွန်းကိန်း တိုးတက်မှု့ကို ၁၀ ရာခိုင်နုန်း ရရှိရန် သတ်မှတ်ထားခြင်း မျိုးဖြစ်သည်။ စွမ်းအင်လျှော့ချရေး ပန်းတိုင်သည် ရည်မှန်းချက်အောင်မြင်ရေးအထောက်အကူဖြစ်ရန်လိုသည်။ ဥပမာ- စွမ်းအင်လျှော့ချရေး ပမာဏ ပန်းတိုင်များသည် စွမ်းအင်လျှော့ချရေးရည်မှန်းချက် ကိုအထောက်အကူပြု ဆက်စပ်နေသင့်သည်။ ပန်းတိုင်သည် တိကျခြင်း၊ တိုင်းတာနိုင်ခြင်း၊ အောင်မြင်နိုင်ခြင်း၊ သက်ဆိုင်ခြင်း နှင့် အချိန်အကန့်အသတ်ထားခြင်း စသည့်အချက်များနှင့်ပြည့်စုံရမည်။

စက်မှု့လုပ်ငန်း၏ အသုံးပြုစွမ်းအင်စနစ်ကို နားလည်ရန်နှင့် ဆန်းစစ်ရာ၌စွမ်းအင်ကုန်ကျမှုသက်သာစေရေး အတွက် အဓိကအချက်မှာ “System Approach” ကျင့်သုံးရန်ဖြစ်သည်။ System Approach ကျင့်သုံးရာတွင် စက်ပစ္စည်း တစ်ခုခြင်းအလိုက် စဉ်းစားသည်ထက် စက်ပစ္စည်းများ ပေါင်းစုထားသည် System အလိုက်စဉ်းစား လုပ်ဆောင်ခြင်း ဖြစ်သည်။

Steam System Optimization (SSO) ကျင့်သုံးခြင်းဆိုသည်မှာ:

  • လက်ရှိ ရေနွေးငွေ့စနစ် ၏ အနေအထား၊ စက်လည်ပတ်ရေး Parameters များ၊ စနစ်စွမ်းအင်အသုံး များကို ဖော်ထုတ်ခြင်း
  • ရေနွေးငွေ့စနစ် (Boiler, Distribution , End uses , Condensate, etc) လက်ရှိမည်ကဲ့သို့ လည်ပတ်နေသည် ကို စစ်ဆေးခြင်း
  • ရေနွေးငွေ့စနစ်ကိုပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်သော ဖြစ်နိုင်သည့်ဧရိယာ များကို ဖော်ထုတ်ခြင်း
  • ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောအကျိုးအမြတ်နှင့်အကျိုးဆက်များကို ဆန်းစစ်ခြင်း
  • စက်ရုံ လည်ပတ်မှုနှင့် ငွေကြေးကုန်ကျခံနိုင်မှုများနှင့် သင့်တော်သည့် ပိုမိုကောင်းမွန် အောင်ဆောင်ရွက်မှု့များကို အကောင်အထည်ဖော်ဆောင်ခြင်း
  • ရေနွေးငွေ့စနစ် တစ်ခုလုံး၏ Performance အား စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း

Compressed Air System ၏စွမ်းဆောင်ရည် နှင့် အမှန်တကယ်အသုံးပြုလိုအပ်ချက် တို့အကြား အနီးစပ်ဆုံးမျှခြေဖြစ်ရန် အကောင်းဆုံး စွမ်းအင်စွမ်းဆောင် ရည်ဖြစ်သည့်ပုံစံ ဖြင့် လုပ်ဆောင်ချက် သို့မဟုတ် ဒီဇိုင်း ပြုလုပ်ခြင်းကို ဆိုလိုပါသည်။ Compressed Air System တွင် အောက်ပါအချက်များပါဝင်ပါသည်:

  • စက်ရုံ၏ အရေးကြီး ကုန်ထုတ်လုပ်မှု့ Functions များကို အထောက်အကူပြုနေသည့် လေအသုံးပြု မှု့များကို နားလည် သဘောပေါက်ခြင်း
  • လက်ရှိ စွမ်းဆောင်ရည်မကောင်းသည့် အသုံးပြုမှု့များ နှင့် လေအသုံးပြုမှုစနစ်ကို အနှောက်အယှက် ပြုနေသည့် အချက်များကို ပြင်ဆင်ခြင်း
  • မဆင်မခြင် လေလွင့်စွာအသုံးပြုခြင်း၊ လေယိုစိမ့်ခြင်း၊ မသင့်မလျော်အသုံးပြုခြင်း နှင့် Artificial Demand များကို ပြုပြင်ခြင်း
  • လေ ထုတ်လုပ်မှု့နှင့် သုံးစွဲမှု့ အကြား မျှခြေ ကိုဖြစ်ပေါ် စေခြင်း၊ ထိန်းသိမ်းခြင်း