Energy Management System (EnMS) User Level Training

Introduction

သင်တန်းတွင် Plan-Do-Check-Act cycle အသုံးပြု၍ ISO 50001 နှင့်လိုက်လျှောညီထွေဖြစ်သော စွမ်းအင်စီမံခန့်ခွဲမှုစနစ်ကျင့်သုံး တတ်စေရန် သင်တန်းသားများကို လမ်းညွန်သည်။ မည့်သည့် စက်ပစ္စည်း၊ စနစ်သည် အဓိကအာရုံစိုက် ဆောင်ရွက်သင့်သည့်နေရာဖြစ်ကြောင်း ဖော်ထုတ်သတ်မှတ်ခြင်း ၊ စွမ်းအင်အခြေခံအနေအထား ၊ စွမ်းအင်စွမ်းဆောင်ရည် အညွန်းကိန်းများကို ဖော်ထုတ်သတ်မှတ်ခြင်း ၊ စွမ်းအင်သုံးစွဲမှု့ကိုပြန်လည်ဆန်းစစ်ခြင်း ၊ စွမ်းအင်လျော့ချရေး ရည်မှန်းချက်၊ ပန်းတိုင်များ သတ်မှတ်ခြင်း ၊ စွမ်းအင်လျှော့ချရေး အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း ၊ အစီအစဥ်ရေးဆွဲ အကောင်အထည် ဖော်ခြင်း၊ များအတွက် လိုအပ်သော လမ်းညွန်ချက်၊ Tools များ ကိုဖြန့်ဝေပေးပါသည်။

Objectives

ISO 50001 နှင့် လိုက်လျှောညီထွေဖြစ်သော စွမ်းအင်စီမံခန့်ခွဲမှု့စနစ် တွင်ပါဝင်သည့် အစိတ်အပိုင်း များဖြစ်သည့်အောက်ပါတို့ကို နားလည်သဘောပေါက် ကျင့်သုံးတတ်စေရန်
  • စွမ်းအင်ပေါ်လစီ ချမှတ်ခြင်း
  • စွမ်းအင်သုံးစွဲမှု့စီမံကိန်း ရေးဆွဲခြင်း
  • စွမ်းအင်စီမံခန့်ခွဲမှု့စနစ် လက်တွေ့အကောင်အထည်ဖော်ခြင်း၊ ကျင့်သုံးခြင်း
  • စွမ်းအင် Performance ကို ပြန်လည်စစ်ဆေးခြင်း
  • Management Review အစည်းအဝေးကျင်းပခြင်း
Traget Group : စီမံခန့်ခွဲမှု့ ကိုယ်စားလှယ်များ ၊ စွမ်းအင်မန်နေဂျာများ နှင့် စက်ရုံ/အလုပ်ရုံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ
Duration : 2 Days

Photos

Summary


No of Times : 11
Organization : 30+
Trainnees : 350+
Request : Training Manual

Project Partners